ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ
Jul 31,2022
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။