ခန္တီးမြို့တွင် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့၊ နယ်မြေခံတပ်မတော်သားများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အပတ်စဉ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်က ခန္တီးမြို့ မြသိန်းတန် စေတီတော်ဝန်းအတွင်း ကိုင်းပင်၊ မြက်ပင်များရှင်းလင်းခြင်းကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။