ဟိုပန် ဖေဖော်ဝါရီ ၂၂
ဟိုပန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အားကစားကွင်းခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲသို့ ဟိုပန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နီလာခိုင်နှင့်အဖွဲ့၀င်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့၀င်များက လာရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားများအတွက် အားဖြည့်အချိုရည်များပေးအပ်ခဲ့ပါသည်။ လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အားကစားများကို စိတ်၀င်စားမှုရှိစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး ကိုယ်ခံအားများကောင်းမွန်လာစေရန်၊ အားကစားစိတ်ဓာတ်များ ရှင်သန်လာစေရန်နှင့် နိုင်ငံအတွက် ထူးချွန်သောအားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
သင်တန်းတွင် ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ်၊ ဘောလီဘော၊ လက်ဝှေ့နှင့်ဘောလုံးစသည့် အားကစားနည်းများ ပါဝင်ပြီး ဖေဖော်ဝရီလ ၂၁ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ခရိုင်(ပြန်/ဆက်)