ကျုံပျော် ဖေဖော်ဝါရီ ၂၂
သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် နိုင်ငံတော်မှ ထောက်ပံ့လျှက်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် လူမှုရေးပင်စင် ထောက်ပံ့မှုနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေကျပ် (၄၀,၃၂၀,၀၀၀)အား လွှဲပြောင်း ပေးအပ်ခဲ့သည်။
ကျုံပျော်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား (၁,၃၄၄) ဦးရှိပြီး၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဘိုးဘွား တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)