သတင်းများ

မုဒုံမြို့၌ တစ်ပိုင်တစ်နိုင်ကျွဲကောပင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားဖြစ်စိုက်ပျိုးကြသူများလာ
Aug 04,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ သဘာဝရာသီဥတုနှင့် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျွဲကောပင် စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး  ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ  အပိုဝင်ငွေများရရှိကာစီးပွားဖြစ် စိုက်ပျိုးလာကြသူများလာကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ(၅)ရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီး
Aug 04,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း (National Electrical project-NEP) အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်တို့ဖြင့် ကျေးရွာ(၅)ရွာ၌ ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Aug 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီ အချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Aug 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပန်ဆောင်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအရောက် ထောက်ပံပေးခဲ့ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 04,2022
ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ First dose ၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Aug 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်လူငယ်ရေးရာ ဦးစီးဌာနမှကြီးမှူး၍ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး ကြိုတင်ဆောင်ရွက်
Aug 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကြိုတင်ပြင်ဆင်ထားသည့် ကယ်ဆယ်ရေးပစ္စည်းများ ကြည့်ရှုစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ဘိုကလေးမြို့နယ်တွင် ရဟန်း၊ သံဃာ၊ ရှင်သာမဏေနှင့် သီလရှင်များအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး
Aug 04,2022
ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇကွဲ ဗိုင်းရပ်စ်များအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျက်သရေဆောင် ဆွမ်းလောင်း ဓမ္မာရုံကြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ် သံဃာ့နာယကဆရာတော်ကြီးများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ကျောင်းပေါင်း (၅၃)ကျောင်းမှ ရဟန်း၊ သံဃာ၊ ရှင်သာမဏေများနှင့် သီလရှင်များအား ယနေ့ နေ့လယ် (၂)နာရီ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည်။