သတင်းများ

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး
Feb 27,2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ခင်မောင်ဇော်၊ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မျိုးလွင်၊ ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးမှူးတာဝန်ထမ်း ဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံပြီး စစ်တွေမြို့ပေါ်၌ အခြေခံပညာကျောင်းများတွင် စာသင်ဆောင်များ ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ပွင့်ဖြူမြို့နယ်၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် မြို့ပြသန့်ရှင်းသာယာရေးအတွက် ကြိုးပမ်းဆောင်ရွက်
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ
ကုန်စည်စီးဆင်းမှု ပြန်ဆန်ရေး ရွှေဘိုဘုရင်ကုမ္မဏီမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းတွင် ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေး
Feb 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ရွှေဘိုဘုရင်ကုမ္မဏီမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းတွင်ပျက်စီးနေသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးရာ  လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 
နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးဌာနမှ အခြေခံညာအထက်တန်းကျောင်း(အ.ထ.က-၁) စာစစ်ဌာနသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Feb 27,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ က္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁)သို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါတွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ
Feb 27,2023
ဂန့်ဂေါမြို့ မြို့မတောင်ကုန်းကျောင်းမှ သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော အရှင်ပညာစာရ၊ မြို့မအရှေ့ကျောင်းတိုက်မှ သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော အရှင်ရေဝတ၊ မြို့မတောကျောင်းမှ စာချတန်းသီလက္ခန်တစ်ကျမ်းအောင် အရှင်ဝိလာသ၊ မြို့မတောကျောင်းမှ သာသနာလင်္ကာရ သာမဏေကျေ
တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ကျေးရွာချင်းဆက် လမ်းထပ်ပိုးပြုပြင်ခြင်း ကွင်းဆင်းစစ်ဆေး
Feb 27,2023
မ​ကွေးတိုင်း​ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ထားသော ပြည့်ညင်ကျေးရွာ ကျေးရွာချင်းဆက်လမ်းအား မြေနီဖြင့်ထပ်ပိုးပြုပြင်ခြင်းကို ယမန်နေ့ကတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Feb 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်မည့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ် ခေတ္တဦးစီးမှူး ဦးစည်သူအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
သပိတ်ကျင်းမြို့၌ ဌာနဆိုင်ရာရုံးများ၊ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Feb 27,2023
မီးဘေးအန္တရာယ်များကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ဌာနဆိုင်ရာရုံးများ၊ နေအိမ်များ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်မီးဘေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။