သတင်းများ

မိုင်းငေါ့မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ အသိပညာဗဟုသုတရှာဖွေရန် ပြည်သူစာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာ
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ‌က‌လေးငယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့ လာရောက်၍ စာအုပ်စာ‌စောင်များလေ့လာဖတ် ရှုငှားရမ်းကြ‌ကြောင်း သိရသည်။၊
သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါနအနေဖြင့် ဘာသာရပ်များ သင်ကြားပို့ချပေး
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အတွင်းဖြေ၊ အပြင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါန အနေဖြင့် ဘာသာရပ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ဘာသာရပ်များ သင်ကြားပို့ချပေး လျက်ရှိသည်။
ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့် ဆက်စပ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်
Feb 28,2023
ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့် ဆက်စပ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ Royal Palace ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မကွေး)ဇုန်မှ တာဝန်ရှိသူများနှင့် မကွေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၅၆)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈) ရက်နေ့ထိ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံအင်္ဂလိပ်စာသင်တန်းအခမဲ့ ဖွင့်လှစ်ပေးမည်
Feb 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ နားရည်၀၍ ကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်စာကို အခမဲ့သင်ကြားပေး မည်ဖြစ်သည်။
ကျိုင်းတုံမြို့၌ အိမ်ခြံမြေဝန်ဆောင်မှုပညာရပ်ဆိုင်ရာ သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်လှစ်
Feb 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အိမ်ခြံမြေဝန်ဆောင်မှုပညာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းကို ယမန်နေ့ ရက်က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှု နိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မီးသတ် ဦးစီးဌာန၊ လက်ပံကျေးရွာနှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
နောင်ချိုမြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ စာစစ်ဌာနဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။