မလှိုင်မြို့နယ် ကျောင်းစု(န)ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Aug 05,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ မြို့နယ်စီမံ ကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်ဝင်းယုဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဒေါ်မြတ်မြတ်သူ၊ မြို့နယ်လမ်းဦးစီးမှူး ဦးသာအေး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှမင်းသောင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျောင်းစု(န)ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။