မိုးနဲ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈) ရက်နေ့ထိ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ မိုးနဲအခြေခံပညာအထက်တန်းကျောင်းနှင့် နားခံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ ကျား(၁၄)ဦး၊ မ(၄၂)ဦး စုစုပေါင်း(၅၆)ဦး စာရင်းပေးသွင်းထားပြီး တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုခွင့်ကတ်ပြားများကိုလည်း ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)