ကျိုင်းတုံမြို့၌ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်
Aug 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်တွင် ယမန်နေ့ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုအား ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ဩဂုတ် ၄ ရက် မွန်းတဲ့ ၁၂ နာရီခွဲတွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။