သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါနအနေဖြင့် ဘာသာရပ်များ သင်ကြားပို့ချပေး

သာပေါင်း ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အတွင်းဖြေ၊ အပြင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါနအနေဖြင့် ဘာသာရပ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိသည်။

ထိုသို့ ပညာဒါနအနေဖြင့် ဘာသာရပ်များအား သင်ကြားပို့ချပေးလျက်ရှိရာ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်ရောက်ဖြေဆို ကြမည့် အတွင်းဖြေဆိုမည့် ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၃)ဦး၊ ပေါင်း(၄)ဦး၊ အပြင်ဖြေဆိုမည့် ကျောင်းသား(၉)ဦး၊ ကျောင်းသူ(၁၆)ဦး၊ ပေါင်း(၁၆)ဦး၊ စုစုပေါင်း ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၁၉)၊ ပေါင်း(၂၉)ဦးတို့ တက်ရောက်သင်ယူ လျက်ရှိကြရာ နေ့စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၃ နာရီခွဲအချိန်အထိ ဆရာ၊ ဆရာမများက သင်ကြားပို့ချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်