ကျိုင်းတုံမြို့၌ အိမ်ခြံမြေဝန်ဆောင်မှုပညာရပ်ဆိုင်ရာ သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်လှစ်

ကျိုင်းတုံ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အိမ်ခြံမြေဝန်ဆောင်မှုပညာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းကို ယမန်နေ့ ရက်က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

သင်တန်းတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ အဖွဲ့ဝင် ဦးအောင်ကိုကိုက ကျိုင်းတုံမြို့ နယ်အတွင်း မြေယာ၊ ရောင်းဝယ်ငှား၊ အကျိုးဆောင်လုပ်ကိုင်နေသူများအတွက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်များ လျှောက်ထား၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ မြေယာနှင့်ပတ်သက်၍ အက်ဥပဒေ၊ နည်းဥပဒေ၊ ဥပဒေ၊ အမိန့်ဆင့်ဆိုချက်များနှင့် လုပ်ထုံးလုပ်နည်းများကို မြေယာအသုံးချသူများ သိရှိနားလည်စေရန်၊ လူနေမှုဘဝနှင့် လက်တွေ့အသုံးချ မြေယာစီမံခန့်ခွဲမှု အခြေခံသဘောတရာများ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဝန်ဆောင်မှုပညာရပ်ဆိုင်ရာများကို မျှဝေသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦး တက်ရောက်ပြီး မြေယာစီမံအုပ်ချုပ်မှုသမိုင်း၊ မြေအားလုံး၏ ပင်ရင်းပိုင်ရှင်ဟူသည်၊ လက်ဝယ်ထားပိုင်ခွင့်ရရှိသော မြေဟူသည်၊ ဘိုးဘပိုင်မြေဟူသည်၊ ဂရန်လောင်းမြေဟူသည်၊  မြေငှားဂရန်လျှောက်ထားမည် စသည့်ဘာသာရပ်များကို ဖေဖော်ဝါရီလ ၂၇ ရက်မှ စတင်၍ သင်တန်းကာလ  ၈ ရက် ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)