လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင် ရာရောက်ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ   မတ်  ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေများ လှည့်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်(၄)ရပ်ကွက်၌ လှည့်လည် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းထွန်း၊ လူမှု ဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက လှိုင်းဘွဲမြို့ပေါ် (က)ရပ်ကွက်ရှိ အဘိုး(၉)ဦး၊အဘွား(၁၀)ဦး၊ (ခ)ရပ်ကွက်ရှိ အဘိုး(၂)ဦး၊အဘွား(၁၀)ဦး၊ (ဂ)ရပ်ကွက်ရှိ အဘိုး(၆)ဦး၊အဘွား(၄)ဦးနှင့် (ဃ)ရပ်ကွက်ရှိ အဘိုး(၂)ဦး၊ အဘွား(၃)ဦး စုစုပေါင်း(၄၆)ဦးအား တတိယ(၃) လပတ်အတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ(၁၃၈၀၀၀၀)ကျပ်ကို အိမ်တိုင်ရာရောက်လှည့်လည်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)