သံတွဲ မတ် ၃
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအတွက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို (၄-၃-၂၀၂၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်များအနေဖြင့် ၁၅" x ၂၀" လက်မ ပုံဆွဲစက္ကူများပေါ်တွင် မိမိကြိုက်နှစ်သက်ရာဆေးခြင်းဖြင့် ရေးဆွဲနိုင်ပြီး ပန်းချီ၊ ပိုစတာ ရေးဆွဲချိန်(၃:၀၀)နာရီနှင့် ကာတွန်းရေးဆွဲချိန်(၂:၀၀) သတ်မှတ်ထားကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်များ(သို့) ဆောင်ပုဒ်များမှာ (က) “မူးယစ်ဆေးရန် တိုက်တွန်းလှန်၊ ကြိုးစားတိုက်ဖျက်နိုင်ငံ့အတွက်”၊ (ခ) “ မူးယစ်ကင်းစင်တို့ပြည်တစ်ခွင်၊ သာယာ လှပလူမှု့ဘဝ”၊ (ဂ) “ ငါတို့အနာဂတ်သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့”၊ (ဃ)“မျိုးဆက်သစ်များတိုးတက်ဖို့၊ မူးယစ်ဆေးမှန်သမျှ တိုက်ဖျက်ကြ” ၊ (င) “ လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့”၊ (စ) “မိသားစု နွေးထွေးမူဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးအန္တရာယ်မှ ကာကွယ်ကြပါစို့”(photo Essay ယှဉ်ပြိုင်ရန်အတွက်သာ)(ဆ) “ လူသားချင်းစာနာ ကျန်းမာဖို့စိန်ခေါ်မူးယစ်တိုက်ဖျက်စို့” (Addressing drug challenges in health and humanitarian crises) ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
နေမျိုးအောင်(ခရိုင်ပြန်/ဆက်)