ဇလွန် မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း အားကစားနည်း (၈)မျိုးအား (၆-၃-၂၀၂၃) ရက်နေ့မှစတင်၍ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်း တို့တွင် အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ အေရိုးဗစ်သင်တန်းများကို မတ်လ(၆) ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး မတ်လ (၂၀)ရက်နေ့အထိ မြို့နယ် ပြည်သူ့အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတွင် အားကစားသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)