သတင်းများ

မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကလိကျေးရွာမီးလင်းရေးလုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကလိကျေးရွာအုပ်စု၊ ကလိကျေးရွာ၌ ယမန်နေ့ညနေက မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကလိကျေးရွာမီးလင်းရေးလုပ်ငန်းလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတိဂုံစေတီတော် ၅၇၉ ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Mar 08,2023
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ၅၇၉ ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
ပင်လုံမြို့၊ရပ်ကွက်(၁)၌ မီးဘေးသင့် နေအိမ်(၂)လုံးအားထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ရပ်ကွက် (၁)၊ ယုဇနလမ်းတွင် (၂.၃.၂၀၂၃)ရက်နေ့၌ မီးဘေးသင့်ခဲ့သည့် ဦးစံမြင့်နှင့် ဒေါ်သန်းညွန့်တို့ နေအိမ်(၂)လုံးအား လွိုင်လင်ခရိုင်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၃ နာရီက ပင်လုံမြို့၊ ရပ်ကွက် (၁)ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်မှချီးမြှင့်ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်ဆရာကြီးတို့အား ဂုဏ်ပြုကြိုဆိုပွဲကို "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ ကျင်းပပြုလုပ်
Mar 08,2023
နိုင်ငံတော်မှချီးမြှင့်ဆက်ကပ်သည့် ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်နှင့် သီလရှင်ဆရာကြီးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ယမန်နေ့တွင် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊
လပွတ္တာမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို စတင်ဖြေဆိုရာ လပွတ္တာမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇)ခုမှ ကျောင်းသား၊ ကျောင်းသူ (၈၉၁) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
လဲချားတွင် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုကြိုဆို
Mar 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဟော်ခမ်းကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုဘောဂါဘိပါလ ဆရာတော်အား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန်က ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Mar 08,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
ပြင်စလူမြို့တွင် အများပြည်သူများ သိရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အများပြည်သူများ သိရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၆) နာရီအချိန်က ဆောင်ရွက်သည်။