ရွှေကျင်မြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို

ရွှေကျင် မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပရာ ရွှေကျင်မြို့နယ်အ.ထ.က(ရွှေကျင်)စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ(၃၁၈)ဦးအနက်မှ ယနေ့ဖြေဆိုသော မြန်မာစာနေ့တွင် (၃၇)ဦး‌ ဖြေဆိုရန်ပျက်ကွက်သဖြင့် ကျောင်းသား/ကျောင်းသူ (၂၈၁)ဦးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)