မော်လမြိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၅၄၃)ဦး ဝင်ရောက်ဖြေဆို

မော်လမြိုင်  မတ် ၈

မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (၇)၊ အ.ထ.က(၁၁)၊ အ.ထ.က ရွှေနတ်တောင်၊ အ.ထ.က(၁၂)၊ စာစစ်ဌာန ၅ ခုတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် စာရင်းရှိ ကျား(၆၃၉)ဦး၊ မ(၁၀၂၈)ဦး စုစုပေါင်း(၁၆၆၇)ဦးရှိရာ ယနေ့ဖြေဆိုသူ ကျား (၅၈၉)ဦး၊ မ (၉၅၄)ဦး စုစုပေါင်း (၁၅၄၃)ဦး ဖြေဆိုသူ  ၉၂ ဒဿမ ၅၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ပူပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)