သတင်းများ

ဘူးသီးတောင်မြို့၌ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 22,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ဘူးသီးတောင်မြို့ မြို့မအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် စစ်တွေမြို့နယ်၊ ဇောပူဂျာကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ဖွင့်ပွဲ တက်ရောက်
Mar 22,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့နယ်၊ ဇောပူဂျာ ကျေးလက်ကျန်းမာရေးဌာန၊ စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အဦရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိ၊ ရပ်ဖများနှင့် ရွာသူ၊ ရွာသားများတက်ရောက်ကြသည်။
ဝမ်းတွင်းမြို့၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကျင်းပ
Mar 22,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဗဟိုကျောင်းတိုက်တွင် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာ အထက်တန်း/ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Mar 22,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအခြေခံပညာအထက်တန်း /အလယ်တန်း အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နက် ၈ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာသင်တန်းသား ဆရာ/ဆရာမများက “တို့တာဝန်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုသည်။
ပေါက်တောမြို့၌ လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်
Mar 22,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာယနေ့ မွန်းလွဲ ၁ နာရီက လူငယ်နှင့် ရည်မှန်ချက် ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ပြုလုပ်သည်။
ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Mar 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Mar 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဘဏ်ဝန်ထမ်းများက စနစ်တကျဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပင်စင်စားဝန်ထမ်းများ အဆင်ပြေစေရေးအတွက်