သတင်းများ

သန်လျင်ခရိုင် စွမ်းရည်မြှင့်ဘာသာရပ်မွန်းမံသင်တန်းဖွင့်လှစ်
Mar 22,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင်ပညာရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်ဘာသာရပ် မွန်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)Community Centre တွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းနှင့် အတူ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး စာရေးဆရာ ဆရာမများနှင့်
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများမှ စာဖတ်ဝိုင်းကျင်းပ
Mar 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ် စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) "ရေးသားသည့်" တန်ဖိုးရှိလှ လူငယ်ဘ၀" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Mar 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ ညနေ ၃ နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်တရားမြို့၌ စာပေဖတ်ရှုမှုမြင့်မားလာစေရေးအတွက် mobile စနစ်ဖြင့် စာအုပ်ငှားရမ်း
Mar 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြင့်မားလာစေရေး အတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။
ပေါက်ခေါင်းမြို့၌ အလှကုန်ပစ္စည်းများ ရည်ညွှန်းအမှတ်အသားပြည့်စုံပါဝင်ခြင်းရှိ/မရှိနှင့် တားမြစ်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်
Mar 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့စည်ပင်သာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များ၊ အလှကုန်ပစ္စည်းမျိုးစုံရောင်းချသည့်ဆိုင်များသို့ အလှကုန်ပစ္စည်းများရည်ညွှန်းအမှတ်အသားနှင့် တားမြစ်‌ဆေးဝါးများရောင်းချခြင်းရှိ/မရှိကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့တွင် ဘိလပ်မြေအုတ်လုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်
Mar 22,2023
စုကလိမြို့တွင် ဒေသတွင်းစီးပွားရေး တစ်ခုအဖြစ်လုပ်ကိုင်လျက်ရှိပြီး ယခုအခါတွင် ပိုမိုတွင်ကျယ်ဆောင်ရွက်လျက်ရှိပြီး၊ မြေအုတ်များ အစားထိုးအသုံးပြုလျက်ရှိလာကြသည်။
မင်းလှမြို့တွင် အငြိမ်းစားနိုင်ငံဝန် ထမ်းများအား ကျန်းမာရေးစောင့် ရှောက်မှုများပြုလုပ်ပေး
Mar 22,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစား နိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ပြည်သူ့ဆေးရုံခန်းမ၌ ယမန်နေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။