ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

ကွမ်းခြံကုန်း မတ်လ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဘဏ်ဝန်ထမ်းများက စနစ်တကျဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကွမ်းခြံကုန်းမြို့နယ်အတွင်း ပင်စင်စားဝန်ထမ်းများ အဆင်ပြေစေရေးအတွက် လစဉ်ရုံးဖွင့်ရက် ၂၁ရက်မှစ၍ နေ့စဉ်နံနက် ၆နာရီမှစ၍ ထုတ်ပေးလျက်ရှိရာ ယခုအငြိမ်းစား ပင်စင်ထုတ်ယူသူ (၃၆၉) ဦးထုတ်ယူပြီးနောက် ကျန်ရှိသည့် အငြိမ်စားဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်  ဖြစ်ကြောင်း သိရသည်။

အဆိုပါ အငြိမ်စားပင်စင် ဝန်ထမ်းများမြန်မာ့စီးပွားရေးဘဏ်သို့ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ် လွှဲစာဖြင့်ကိုယ်စား ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

ဆွေနွယ်(ပြန်/ ဆက်)