လားရှိုးမြို့၌ ၁၃၈၄ (၂၀၂၃)ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

လားရှိုး မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ သာသနာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲကို မတ်လ(၂၁)ရက်နေ့ နေ့လယ်ပိုင်းက စတင် ဖြေဆိုလျက်ရှိပြီး ဘာသာရပ်များအလိုက် ဧပြီလ(၃)ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်သည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲကို သံဃာတော်၊ သီလရှင်စုစုပေါင်း (၂၄၂)ပါး၊ လူပုဂ္ဂိုလ်(၁)ဦး ဖြေဆိုကြပြီး စာမေးပွဲဖြေဆိုနေကြသော သံဃာတော်၊ သီလရှင်တို့အား ယမန်နေ့နေ့လည် (၁)နာရီအချိန်က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အချိုရည်နှင့် ဝတ္ထုငွေများ လာရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စာဖြေ သံဃာတော်၊ သီလရှင်စုစုပေါင်း (၃၀၆)ပါး စာရင်းပေးသွင်းကြပြီး (၂၄၂)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)