သတင်းများ

မိုင်းယုမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အများပြည်သူများ သွားလာရာနေရာသို့၌ သွားရောက် ဖြန့်ဝေပေးခဲ့သည်။
မိုင်းငေါ့မြို့၌ နွေရာသီကျောင်းပိတ်ရက် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲကျင်းပ
Mar 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်  နွေရာသီကျောင်းပိတ်ရက် ကလေးများ၏ ဉာဏ်ရည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂိမ်းပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Mar 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Mar 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပရာ ပြည်သူများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Mar 22,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရွေ့လျားစာကြည့် တိုက်ကွင်းဆင်း
Mar 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစား တွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊
မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေကျပ် (၆၄၉) သိန်း အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး
Mar 22,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဟဲလုံကျေးရွာအုပ်စု ဟဲလုံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေကျပ် (၆၄၉)သိန်းအား အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟဲလုံကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Mar 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ် လူရွယ်များ၏ အပြောစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။