သတင်းများ

မန်တုံမြို့ သမိုင်းဝင် မဟာမြတ်မုနိဂန္ဓကုဠိကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေး
Mar 22,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အမှတ်(၂)ရပ်ကွက်(ဟိုခို)၌ တည်ထားကိုးကွယ်သော သမိုင်းဝင်မဟာမြတ်မုနိဂန္ဓကုဠိ ကျောင်းတော်သစ် တည်ဆောက်ရန် စုပေါင်းလုပ်အားပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စ၍ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေးလုပ်ငန်းအဖြစ် အမျိုးသမီးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးပူးပေါင်းပါဝင်စို့ နံရံကပ်စာစောင်နှင့် ဟောပြောပွဲဆောင်ရွက်
Mar 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးသီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော အမျိုးသမီးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးပူးပေါင်းပါဝင်စို့ ခေါင်းစဥ်ဖြင့်လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ  (၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ စားသုံးဆီများထောက်ပံ့
Mar 22,2023
မွန်ပြည်နယ် မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား အကျိုးဝေစုအဖြစ် စားသုံးဆီ ထောက်ပံ့ခြင်းကို မတ်လတတိယအပတ်မှစတင်ကာ ပေးအပ်လျက်ရှိသည်။
ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်းပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို မတ်လ ၂၁ ရက်နေ့မှစတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်
Mar 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ လူကုန်ကူးမှုလျော့နည်းစေရန်ရည်ရွယ်၍ လူငယ်များအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က တာမိုးညဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Mar 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို
ဇမ္ဗူသီရိမြို့နယ်၌ “လူငယ်နဲ့စာရိတ္တ” Talk Show ကျင်းပ
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းက “လူငယ်နဲ့စာရိတ္တ” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင် စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃)နာရီက ဆောင်ရွက်ခဲ့သည်။