ကျောက်ဆည် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယတွင် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိရာ နွေနှမ်းသီနှံ (၁၇၄)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီနှံများကို နွားတက်မြောင်းရေသောက်စနစ်ဖြင့် ဟံမြင့်မိုရ်ကျေးရွာ အုပ်စုတွင်(၁၀)ဧက၊ လယ်ကြီးကျေးရွာအုပ်စုတွင် (၁၅)ဧက၊ ပုန်းညက်ကျေး ကျေးရွာအုပ်စုတွင် (၁၅)ဧက၊ ကျားကာ ကျေးရွာအုပ်စုတွင်(၅၀)ဧက၊ ခတက်ကုန်းကျေးရွာအုပ်စုတွင် (၃၄)ဧကနှင့် ဆူလေကုန်းကျေးရွာ အုပ်စုတွင်(၅)ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စုတွင်(၅)ဧက၊ မြေစိုမိုး ကျေးရွာအုပ်စုတွင်(၁၀)ဧက၊ ပဲခင်း ကျေးရွာအုပ်စုတွင်(၁၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင်(၂၀)ဧက စုစုပေါင်း(၁၇၄)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။
နွေနှမ်းသီနှံများ အောင်မြင်စေရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုး ရေများပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးနည်းစနစ်များ အပင်ပြုစုနည်းများ၊ ပိုးမွှားကာကွယ်နှိမ်နှင်းခြင်းများ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)