သတင်းများ

ကွမ်းခြံကုန်းမြို့နယ်၌ စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲနှင့် စာအုပ်စာစောင်များထပ်ဆင့်လှူဒါန်းပွဲကျင်းပ
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှလှူဒါန်းသည့်  စာအုပ်‌စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲနှင့်  စာကြည့်တိုက်ဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပ
Mar 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က ကျင်းပခဲ့သည်။
ထားဝယ်မြို့တွင်မီးဘေးလုံခြုံရေးတာဝန်ခံ  သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 24,2023
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှဦးစီးဖွင့်လှစ်သော မီးဘေးလုံခြုံရေးတာဝန်ခံ (Fire Safety Manager Course for Gover nment Officials) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Mar 24,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး အကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့နယ်တွင်  အခြေခံစားသောက်ကုန်များ နေ့စဉ်ရောင်းချပေး
Mar 24,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုများ စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက်အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့မွန်းလွဲပိုင်းက လှိုင်ကမ္ဘာကျေးရွာအုပ်စု၌ အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံး‌‌ရေးသားနည်း သင်တန်း ဖွင့်လှစ်
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များနှင့် ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာစီစာကုံးရေးသားနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကျပန်စကားပြောပြိုင်ပွဲကျင်းပ
Mar 24,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများအား Communication Skill နှင့် Presentation Skill များတိုးတက်မြင့်မားစေရန်၊ မြန်မာဘာသာစကားစွမ်းရည်တိုးတက်မြင့်မားစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၈:၃၀ အချိန်တွင်ပြုလုပ်ခဲ့သည်။  
(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် “တပ်မတော်နေ့အကြောင်း သိကောင်းစရာ” Talk Show ပြုလုပ်
Mar 24,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက Book Club နှင့် ပူးပေါင်း၍ "တပ်မတော်နေ့အကြောင်းသိကောင်းစရာ" Talk Show ပြုလုပ်ခဲ့သည်။