ဒလမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပ

ဒလ မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အသိပညာပေး (Talk Show)ကို ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဦးစီးအရာရှိဒေါ်သီတာဝင်းက (Talk Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင် ဒေါ်လှလှရီက တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ တပ်မတော်နေ့စတင်တည်ထောင်ခဲ့ပုံသမိုင်းကြောင်းများ၊ ယနေ့အချိန်ကာလတွင် တပ်မတော်မှတာဝန်ယူဆောင်ရွက်နေသည့် လူမှုရေး၊ စီးပွားရေး၊ တပ်မတော်နှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး(Talk Show)များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့် အကြောင်းအရာများကို ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု(Talk Show)အပြည့်အစုံကိုလည်း We Love Dalla Facebook Pageတွင်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်ဇော်(ပြန်ဆက်)