သတင်းများ

သရက်ချောင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် ပရဟိတအသင်းအဖွဲ့များအပေါ် စည်းမျဉ်းကြီးကြပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Mar 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် ပရဟိတအသင်းအဖွဲ့များအပေါ် စည်းမျဉ်းကြီးကြပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တောင်သာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သော မီးလင်ရေးလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်း (၈) ခုရာနှုန်းပြည့်ပြီးစီး
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် မီးလင်းရေးလုပ်ငန်းကို ကျေးရွာ (၄)ရွာ၌လည်းကောင်း၊ ရေရရှိရေးလုပ်ငန်းကို ကျေးရွာ(၄)ရွာ၌လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လိပ်သိုမြို့၌ စာပေဗဟုသုတကြွယ်၀စေရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 24,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်၀စေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်နှင့် စာဖတ်ပရိသတ်များ အဆင်ပြေစေရန် အတွက် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/ စာစောင်များကို စာဖတ်ပရိသတ် များထံသို့ သွားရောက်၍ ငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  အမှတ် (၂) ရပ်ကွက်သို့ ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင်ဝါးထရံယက်လုပ်ရောင်းချသူများ အဆင်ပြေ
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချသူများမိသားစုစားဝတ်နေရေး အဆင်ပြေအဆင်ပြေလျှက်ရှိကြောင်း မဇယ်ပင်ကျေးရွာမှ ဝါးထရံယက်လုပ် ရောင်းချသည့် ဦးမြင့်ဆွေပြောပြ၍  သိရသည်။
လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး Talk Show ဆွေးနွေးပွဲကျင်းပ
Mar 24,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည်များအား လေ့လာမှတ်သား သိရှိနားလည်နိုင်စေရေး အမျိုးသမီးများ၏ ရပိုင်ခွင့်အခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပိုးသတ်ဆေးဖြန်းခြင်း လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်
Mar 24,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် ပိုးသတ်ဆေးဖြန်းခြင်း လှုပ်ရှားမှု ရက် သတ္တပတ်ကို မတ်လ ၂၀ ရက်နေ့မှစ၍ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Mar 24,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲပြသ
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။