ဒေးဒရဲ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များနှင့် ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာစီစာကုံးရေးသားနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ၂၀၂၃ ခုနှစ်၊ နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးနိုင်စေရန်နှင့် စာစီစာကုံးများရေးသားရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် ရေးသားနိုင်စေရန် ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ အထက်တန်းပြဆရာ ဦးအေးမင်းသူက သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် စာစီစာကုံးများရေးသားရာတွင် ထည့်သွင်းရေးသားသင့်သည့် အခြေခံအကြောင်းအရာများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ လူငယ် (၂၃)ဦး တက်ရောက်လျက်ရှိပြီး မတ်လ ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ (၅)ရက်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း