သတင်းများ

ကျောက်တံခါးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေး
Mar 24,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းကို ယမန်နေ့က ကွင်းမြောက်ရပ်ကွက်အတွင်းရှိ ဒေါ်ခင်အိအိစိုး၏ အသားစားကြက်မွေးမြူရေးခြံသို့ သွားရောက် ဖြန်းပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေး
Mar 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ စာပေမှ ရရှိသော ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ မလာရောက်နိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ် ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ MSMEs စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Mar 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများစိစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်(တပ်မတော်သိပ္ပံနှင့်နည်းပညာ သုတေသနဌာန၊ ပါမောက္ခဌာနမှူး ပြင်ဦးလွင်)မှရွှေတောင်မြို့နယ်အတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်းလေးသောင်းပျိုးထောင်ထားရှိ
Mar 24,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင်ထားရှိကြောင်း လာမည့်မေလ နောက်ဆုံးပတ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အသက်မွေးဝမ်းကျောင်း ပညာအခြေခံစက်ချုုပ်ပညာ (အခမဲ့) သင်တန်းသင်တန်းဆင်းပွဲကျင်းပ
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre) ခန်းမတွင်ယနေ့နံနက်၁၁နာရီကအသက်မွေးဝမ်းကျောင်းပညာအဖြစ် အခြေခံစက်ချုပ်ပညာ(အခမဲ့)သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
ချီဖွေမြို့တွင် (၇၈) နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mar 24,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် တောင်တန်းသာသနာပြုကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ၊မောင်တောမြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 24,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝေသာလီရပ်ကွက်၊ အလယ်လမ်းသစ်ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန် အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လှုမှုရေးရာဝန်ကြီး ဦးအောင်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမောင်အေးသိန်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ်တွင် တိရစ္ဆာန်များ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများအန္တရာယ်မှ ကာကွယ်ရန် ရည်ရွယ်၍  တိရစ္ဆာန်များ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာရှိ မွေးမြူရေးခြံ(ကြူဝန်း)၌ ဆောင်ရွက်ခဲ့သည်။