သင်္ဃန်းကျွန်း မတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများအား Communication Skill နှင့် Presentation Skill များတိုးတက်မြင့်မားစေရန်၊ မြန်မာဘာသာစကားစွမ်းရည်တိုးတက်မြင့်မားစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၈:၃၀ အချိန်တွင်ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများက ရုပ်လှဖို့ထက်စိတ်လှဖို့ကအရေးကြီး၊ ကျန်းမာခြင်းသည် ချမ်းသာခြင်းထက်ပိုအရေးကြီး၊ သည်းခံခြင်းသည်အောင်မြင်ခြင်း၊ ကျေးဇူးသိတတ်ခြင်းသည်လူယဉ်ကျေးမှုတစ်ခုဖြစ်သည်၊ ကျန်းမာခြင်းသည်ချမ်းသာခြင်းထက်ပိုအရေးကြီးနှင့် သင်ဒဂုံတက္ကသိုလ်စာကြည့်တိုက်သို့သွားခဲ့လျှင်အစရှိသည့် ခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲပါဝင်ယှဉ်ပြိုင်သူ(၁၃)ဦး၊ facebook သုံးတာကောင်းတယ်(အဆို)၊ မကောင်းဘူး(အချေ)၊ အများအကျိုးဆောင်ကိုယ်ကျိုးအောင်တယ်(အဆို)နှင့် ကိုယ်ကျိုးပျက်တယ်(အချေ)၊ အပေါင်းအသင်းမိတ်ဆွေများတာကောင်းတယ်(အဆို)၊ မကောင်းဘူး(အချေ)အစရှိသည့် ခေါင်းစဉ်များဖြင့် စကားရည်လုပြိုင်ပွဲဝင်(၁၉)ဦး စုစုပေါင်း(၃၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ(ဌာနမှူး)ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)