ကျောက်တံခါးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေး

ကျောက်တံခါး မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မွေးမြူရေးခြံများတွင် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်းကို ယမန်နေ့က ကွင်းမြောက်ရပ်ကွက်အတွင်းရှိ ဒေါ်ခင်အိအိစိုး၏ အသားစားကြက်မွေးမြူရေးခြံသို့ သွားရောက် ဖြန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းမြောက်ရပ်ကွက်အတွင်း နွား၊ ကြက်၊ ဝက်မွေးမြူကြသည့် မွေးမြူရေးခြံများ၌ ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေး ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ နှင်းနုလွင်က မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံ ဖြန်းပေးခြင်းဖြစ်ကြောင်း၊ ခြံဖြန်းပိုးသတ်ဆေးများကိုအသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပေးပြီး နွား၊ ကြက်၊ ဝက်မွေးမြူကြသည့် မွေးမြူရေးခြံများအား ခြံဖြန်း ပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခဲ့သည်။

အဆိုပါခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေး‌မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)