ရွှေတောင်မြို့နယ်အတွင်းရှိ MSMEs စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရွှေတောင် မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများစိစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်(တပ်မတော်သိပ္ပံနှင့်နည်းပညာ သုတေသနဌာန၊ ပါမောက္ခဌာနမှူး ပြင်ဦးလွင်)မှရွှေတောင်မြို့နယ်အတွင်းရှိ MSMEs စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ လက်ရှိဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်းများ အခြေအနေ၊ လျှပ်စစ်မီးရရှိမှုအခြေအနေ၊ စီးပွားရေး လုပ်ငန်းအမျိုးအစား အလိုက် ကုန်ကြမ်းပစ္စည်းရရှိမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများအား လုပ်ငန်းအမျိုးအစားအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်က လိုအပ်သည်များ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မိုးစပါး၊ နွေစပါးတိုးချဲ့စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ စိုက်ပျိုးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြရာ လိုအပ်သည်များကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးတာဝန်ခံ ဗိုလ်မှူးကြီးဇော်ထက်က မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)