ပုသိမ်ကြီး မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများအန္တရာယ်မှ ကာကွယ်ရန် ရည်ရွယ်၍ တိရစ္ဆာန်များ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာရှိ မွေးမြူရေးခြံ(ကြူဝန်း)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသားတိုးနွား၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးဖြန့်၊ သရုပ်ပြခြံအား၊ ခြံတာဝန်ခံ၊ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ နွားမွေးမြူရေးခြံ၊ အစာဂိုထောင်၊ ရုံးခန်းနှင့်ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်ရှိနေရာများအား ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာမောင်မောင်စိုး၊ အောင်မြေသာစံခရိုင်ဦးစီးမှူး၊ ပုသိမ်ကြီးမြို့နယ်ဦးစီးမှူးနှင့် ခြံတာဝန်ခံ၊ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်