အသက်မွေးဝမ်းကျောင်း ပညာအခြေခံစက်ချုုပ်ပညာ (အခမဲ့) သင်တန်းသင်တန်းဆင်းပွဲကျင်းပ

အမရပူရ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(Community Centre) ခန်းမတွင်ယနေ့နံနက် ၁၁ နာရီက အသက်မွေးဝမ်းကျောင်းပညာအဖြစ် အခြေခံစက်ချုပ်ပညာ(အခမဲ့)သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

 သင်တန်းဆင်းပွဲတွင် ဦးစီးအရာရှိဒေါ်တင်တင်လှက ပြောကြားရာတွင် အမရပူရမြို့သည်စက်ယက္ကန်းပေါများသည့် မြို့ဖြစ်သည့်အလျောက်ပုဆိုး၊ လုံချည်များချုပ်တတ်လျင် အပိုဝင်ရသည့်လုပ်ငန်းဖြစ် နေ၍ယခုလိုအခြေခံစက်ချုုပ်ပညာကို တတ်ကျွမ်းသည့် နည်းပြကိုခေါ်ယူ သင်ကြားပေးပြီးဖြစ်သည့်အတွက် သင်တန်းသူများအနေဖြင့် ပုဆိုး၊လုံချည်တို့ကို ကောင်းစွာ ချုပ်လုပ်နိုင်တာတွေ့ရ၍ ဝမ်းသာကြောင်းပြောကြားခဲ့သည်။ ထို့နောက် နည်းပြဒေါ်နေခြည်စိုးအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုသင်တန်းတွင်သင်တန်းသူ ၁၂ဦးကိုယ်စား သင်တန်းသူတစ်ဦးကကျေးဇူးတင်စကား ပြောကြားရာတွင် အခြေခံစက်ချုုပ်ပညာဆိုသော် လည်း လေ့လာရင်လေ့လာသလောက် အကျိုးရှိသည့်ပညာရပ်ဖြစ်၍ သင်တန်းဖွင့်လှစ်ပေးသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

စိုးသီဟ(အမရ)