ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်  မတ်   ၂

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအ‌သောက် ဘေးအန္တရာယ် ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ  ၃ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  လယ်ဝေးခရိုင် စားသုံးသူရေးရာဦးစီဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စောမာလာနွယ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများနှင့်  မြို့နယ်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးကော်မတီ အဖွဲ့ဝင်များက ဈေးအတွင်း ရောင်းချလျက်ရှိသည့် အသီးအရွက်များ၊  အသားငါးများကို ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စာသောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မုန့်ဆိုင်များ၊ ဆေးဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန်ဆေးဝါးများ‌ ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူ ပြည်သူများအား စားသုံးသူကာကွယ်‌ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)