ဥတ္တရခရိုင်၊ အခြေခံပညာ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ  မတ် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်​နောင်ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာ အထက်တန်းဆင့် (ခရိုင်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါ​ ဆွေးနွေးပွဲတွင် ဇေယျာသီရိခရိုင်နှင့် ဥတ္တရခရိုင်အတွင်းရှိ အထက်တန်းပြ ဆရာ၊ ဆရာမ(၅၃၃) ဦးတို့သည် အခြေခံပညာအထက် တန်းဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ သင်တန်းအား တက်ရောက်ခဲ့ပြီးသင်ရိုးသစ် ဘာသာရပ်()ခုကို ဆရာ၊ ဆရာမ ( ၃၇) ဦးတို့မှ သင်ကြားပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ဆွေးနွေးပွဲကို မတ်လ ၂၁ရက်နေ့ နေ့အထိ ()ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)