စစ်ကိုင်း မတ် ၂၈
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင် တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိက အသေးစား စက်မှုလက်မှုလုပ်ငန်း များ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမှာ ဖြစ်တဲ့အတွက် ယခုလိုသင်တန်း များ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သင်တန်းများ ဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် (၉)ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိလာသည့် ပညာရပ်တွေကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြရင်း မိမိတို့ရဲ့မိသားစု တစ်ပိုင်တစ်နိုင် ဆောင်ရွက်လုပ်ကိုင်သွားကြပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြပါလို့ ဆွေးနွေး မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းစည်မျဉ်းများနှင့် သင်တန်းအကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်/မြို့နယ်နှင့် မြို့နယ်အတွင်းရှိ ပြည်သူ များ အလုပ်အကိုင်အခွင့်များ ရရှိနိုင်စေရန်နှင့် သက်ဆိုင်ရာ အဆင့်မြင့်ကျောင်းများနှင့် ချိတ်ဆက်၍လည်း မုန့်မျိုးစုံ၊ ဖျော်ရည်၊ ယိုစုံ အမျိုးမျိုးထုတ်လုပ်မှုနည်းပညာပေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးနေလျက်ရှိ ကြောင်း သိရသည်။
ဇော်မြင့်နိုင်