သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

သဲကုန်း မတ် ၂၈

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် မူလတန်းဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-သဲကုန်း)၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် ဆရာ/ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာနိုင်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းလမ်းညွန်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်သူဝင်းက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၃၂)ဦးဖြင့် မူလတန်းပြဆရာ ဆရာမ(၉၅၃)ဦးတို့သည် မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ  KG မှ GRADE-5 အထိ ဘာသာစုံသင်ကြားမှုဆိုင်ရာများအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ   ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)