သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ​ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
 မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော် ၁၃၈၄ ခုနှစ် (ခရစ်နှစ် ၂၀၂၃)ခုနှစ် ရေကစားမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ညနေ ၆ နာရီအချိန်က  သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်းရှိ  Royal Thingyan ရေကစားမဏ္ဍပ်၌   ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲတော်ပျော်ရွှင်စွာဆင်နွှဲ၊ ဗဟိုမဏ္ဍပ်ပိတ်ပွဲ တက်ရောက်
Apr 17,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ ရပ်ကွက်များတွင် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ပိတ်ပွဲသို့ တက်ရောက်သည်။
ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပ
Apr 17,2023
မြန်မာ့သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်‌ပိတ်ပွဲအခမ်းအနားကိုယမန်နေ့ ည(၆)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ကုမုဒြာပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ကို ဗဟိုမဏ္ဍပ်၌ပျော်ရွင်စွာဆင်နွဲပြီး ဗဟိုမဏ္ဍပ်အား စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်း
Apr 17,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို ယမန်နေ့မွန်းတည့် (၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီးဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့်  မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကိုပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲပြီး ဗဟိုမဏ္ဍပ်ကို ညနေ (၅)နာရီတွင် စည်းကားသိုက်မြိုက်စွာ ပိတ်သိမ်းသိရသည်။
တောင်ငူမြို့၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
တောင်ကုတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအကျင်းပ
Apr 17,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ညောင်တုန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယမန်နေ့ညနေ ၄ နာရီအချိန်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၃၆)ရှိ မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပိတ်သိမ်း
Apr 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။