သတင်းများ

ဟင်္သာတမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပိတ်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥယျာဉ်မြောက်ရပ်ကွက်၊ အာဇာနည်ပန်းခြံလမ်းရှိ ဟင်္သာတခရိုင် ဗဟိုမဏ္ဍပ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅:၃၀)နာရီက မိုင်းရယ်မြို့စိမ်းလဲ့ကန်သာ ရေကန်အနီးတွင် ကျင်းပပြုလုပ်သည်။
တန့်ယန်းမြို့နယ်တွင် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ပိတ်ပွဲကျင်းပ
Apr 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ညနေပိုင်းက ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ပြည်မြို့တွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား  အေးချမ်းပျော်ရွှင်စွာပိတ်သိမ်း
Apr 17,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗဟိုရေကစားမဏ္ဍပ်၌ မဟာသင်္ကြန် (အတက်နေ့) ယမန်နေ့ညနေ ၅ နာရီတွင် ၁၃၈၄နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် (ပိတ်သိမ်းပွဲ) ကျင်းပရာရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် ရေကစားသူပြည်သူများအား နှစ်သစ်ကူးမင်္ဂလာ ဆုမွန်တောင်း စကားမိန့်ကြားသည်။
ကျုံပျော်မြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲဆုပေးပွဲ ကျင်းပပြုလုပ်
Apr 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုပေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က  စည်ကားစွာကျင်းပပြုလုပ်သည်။
ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော် သင်္ကြန်အတက်နေ့ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်(သင်္ကြန်အတက် နေ့)ညနေပိုင်းတွင် ကန့်ဘလူမြို့ အမှတ် (၄)ရပ်ကွက် ဗိုလ်ချုပ်လမ်းအရှေ့ဘက် စည်ပင်သာ ယာခန်းမအနီးရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာအခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ ၁၅ ဖွဲ့တို့ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၅ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ်တွင် ကျင်းပပြုလုပ် ခဲ့သည်။
ချောင်းဆုံမြို့နယ် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Apr 17,2023
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန် (အတက်နေ့) ချောင်းဆုံမြို့နယ်၏ ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် လျှပ်စစ်ရုံးရှေ့ ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။