သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သို့တက်ရောက်၍ ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေမှုကို ကြည့်ရှုအားပေး
Apr 14,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်ရှိ မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ဟားခါး တပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ မဟာသင်္ကြန်‌ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄း၃၀)အချိန်က ရတနာပုံရပ်ကွက် ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Apr 14,2023
မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး၊မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပ
Apr 14,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီအချိန် ကညင်တန်းရပ်ကွက်ရှိ ဗဟိုလ်မဏ္ဍပ် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့သည်။
မာန်အောင်မြို့၌ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 14,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
Apr 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ကန့်ဘလူမြို့ အမှတ်(၄) ရပ်ကွက် ဗိုလ်ချုပ်လမ်းအရှေ့ဘက် စည်ပင်သာယာခန်းမအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်  ဗဟိုဆုပေးမဏ္ဍပ် စည်းကားသိုက်မြိုက်စွာဖွင့်လှစ်
Apr 14,2023
မိတ္ထီလာမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေးဏ္ဍပ် ယမန်နေ့ ညနေ ၄ နာရီအချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းနှင့် အ.ထ.က(၁) လမ်း အနီးနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုဆုပေးမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ တော်ဗဟိုဆုပေးမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်၊ ညနေ ၃ နာရီခွဲက ကော့သောင်းမြို့ သီရိမြိုင် ရပ်ကွက်၊ ပြည်သူ့ရင်ပြင် ဗဟိုဆုပေးမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နှစ်သစ်ကူးသင်္ကြန်အား စတင်ဖွင့်လှစ်ကြောင်းကြေငြာပြီး နှစ်သစ်မင်္ဂလာမိန့်ခွန်း ပြောကြားသည်။