Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် ပျော်ရွှင်စွာ ရေကစားနေမှုများ ကြည့်ရှုအားပေး
Apr 16,2023
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့၌ တိုင်းစစ်ဌာနချုပ်မဏ္ဍပ်၊ ကျိုက်မရောမြို့နယ်မဏ္ဍပ်၊ မော်လမြိုင်မြို့ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များတွင် အများပြည်သူအေးချမ်းပျော်ရွှင်စွာရေကစားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော် ပျော်ရွှင်စွာရေကစား
Apr 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်အတွင်း ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့၊ ဗဟိုမဏ္ဍပ်တွင် ပျော်ရွင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေး
Apr 16,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့်ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့်ဗဟိုမဏ္ဍပ်တွင်တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ပျော်ရွင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီအတွင်းရှိ လျောင်းတော်မူမြတ်စွာဘုရားနှင့် ရပ်တော်မူဗုဒရုပ်ပွားတော်တို့အား ဗုဒဘိသေကအနေကဇာတင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Apr 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ပရိ၀ုဏ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော လျောင်းတော်မူမြတ်စွာဘုရားနှင့် ရပ်တော်မူဗုဒရုပ်ပွားတော်တို့အား ဗုဒဘိသေကအနေကဇာ တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၆)နာရီက ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့(ဗဟို)မဏ္ဍပ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်အတက်နေ့ပိတ်ပွဲအခမ်းအနား တက်ရောက်
Apr 16,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ (ဗဟို)မဏ္ဍပ်၌ ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ပိတ်ပွဲအခမ်းအနား (မနက်ပိုင်းအစီအစဥ်)ကို ယနေ့နံနက်(၈:၀၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မဟာသင်္ကြန်(ဗဟို)မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ ပျော်ရွှင်စွာ ရေကစား
Apr 16,2023
၁၃၈၄ခုနှစ်မြန်မာ့ ရိုးရာမဟာသင်္ကြန် အတက်နေ့၌ မြို့နေအများပြည်သူတို့သည် အေးချမ်းစွာဖြင့်ရေပက်ကစား၊ ဘုရားသွားကျောင်းတက်၊ သီလဥပုသ်ဆောက်တည်၊ ဒါနကုသိုလ်ပြုခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများရေကစားခြင်းဖြင့် စည်းကားလျက်ရှိ
Apr 16,2023
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ယနေ့နံနက် ၈ နာရီမှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကလာသီရိပန်းခြံရှေ့အတာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ပြည်သူများ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နွှဲပျော်၊ သင်္ကြန်ထမင်းနှင့် ဟင်းများ စတုဒီတာကျွေး
Apr 16,2023
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဧပြီ(၁၆)ရက်တွင် နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စည်ကားသိုက်စွာ နွှဲပျော်လျက်ရှိကြပြီး ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြ၍ မြိတ်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်အနီးတွင် စတုဒီတာမဏ္ဍပ်ဖြင့် သင်္ကြန်ပွဲတော်နွှဲပျော်ကြသူများအား သင်္ကြန်ထမင်းနှင့်ဟင်းများကို စတုဒီတာကျွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15727
Page
15728
Page
15729
Page
15730
Current page
15731
Page
15732
Page
15733
Page
15734
Page
15735
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department