သာပေါင်းမြို့နယ် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပိတ်သိမ်း

သာပေါင်း ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ၁၃၈၄ ခုနှစ်၊မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပ ပိတ်သိမ်းပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်သိမ်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်ဇနီး၊ အတွင်း‌ရေးမှူး ရဲမှူးလှဝင်းနှင့်ဇနီး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဆန်စက်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဆန်းတို့က ဖျော်ဖြေရေးယိမ်းအက အလှပျိုဖြူအဖွဲ့များအားဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှနှုတ်ခွန်းဆက် ဆုမွန်ကောင်းတောင်းစကားပြောကြားပြီးနောက် ၁၃၈၄ ခုနှစ်၊ မြန်မာ့ ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပိတ်ပွဲကို အောင်မြင်စွာကျင်းပ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း