တောင်ငူ ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။
အဆိုပါ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို မြနန္ဒာတေးသီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ အောင်မြင်စွာပိတ်သိမ်းခဲ့သည်။
သင်္ကြန်ကာလအတွင်း တောင်ငူမြို့မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ သင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ Stage Show ကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ပြီး ပြည်သူများမှအေးချမ်းစွာဖြင့် ရေသဘင်ပွဲအား လာရောက်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်