ရေတာရှည်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဏပ်ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2023
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆)ရက်နေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ညနေပိုင်းတွင် သင်္ကြန်တေးသီချင်းများ ယိမ်းအကများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ၍ သာကူကျိုစတုဒိသာများဧည့်ခံကျွေးမွေးကာ အေးချမ်းပျော်ရွှင်စွာ ရေကစားကြပြီး ညနေ ၅:၃၀ နာရီအချိန်တွင် ဗဟိုမဏ္ဍပ်ပိတ်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။