တန့်ယန်း ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ညနေပိုင်းက ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နှစ်သစ်ကြိုသောမင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားပြီး နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၏ သင်္ကြန်မယ်များနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို “မန်းတောင်ရိပ်ခို” သီချင်း ဖြင့်ကပြ၍ ပိတ်ပွဲအခမ်းအနားကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)