မိုင်းရယ် ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅:၃၀)နာရီက မိုင်းရယ်မြို့စိမ်းလဲ့ကန်သာ ရေကန်အနီးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ယိမ်းအဖွဲ့များမှ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အမှတ်(၃)လှုပ်ရှားစစ်ဗျုဟာမှူးဗိုလ်မှူးကြီးဇေယျာလင်းမှ မဟာသင်္ကြန်ကာလအတွင်း ကပြဖျော်ဖြေပေးခဲ့ကြသည့် မိုင်းရယ်မြို့နယ်အတွင်းမှ ယိမ်းအဖွဲ့များအားလုံးအတွက် ငွေကျပ်(၅)သိန်း ပေးအပ်ချီးမြှင့်ပါသည်။
ယင်းနောက် မြန်မာ့ရိုးရာမဟာသင်္ကြန်အား မိုင်းရယ်မြို့နယ်အတွင်းမှ တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေးဌာန၊ ကမ်းမယ့်လက်အဖွဲ့နှင့် ရပ်ကွက်များမှ ယိမ်းအဖွဲ့အားလုံးက နှစ်သစ်မင်္ဂလာ၊ နှုတ်ခွန်းဆက်၊ မန်းတောင်ရိပ်ခို တေးသီချင်းများဖြင့် စုပေါင်းကပြဖျော်ဖြေပြီး မိုင်းရယ်မြို့နယ် မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်အား အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်