တွံတေး ဧပြီ ၁၄
၁၃၈၄ ခုနှစ်၊ တန်ခူးလပြည်ကျော် ၁၀ ရက်၊ ဧပြီလ ၁၄ ရက်နေ့ မဟာသင်္ကြန် အကျနေ့တွင် ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ဘုရားလမ်းမကြီး၌ ကလေးသူငယ်များပျော်ရွှင်စွာ ရေဆော့ကစားလျက်ရှိသည်။
ထို့အပြင်ဘုန်းတော်ကြီးကျောင်းများ ကုသိုလ်ဒါနပြုသူများရှိပြီး ရွှေဆံတော်စေတီတော်မြတ်နှင့် ကျေးရွာများရှိဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်သီတည်သူများ၊ အလှူဒါနပြုသူများနှင့် မိမိအိမ်၌တွင်လည်း ဥပုဒ်သီလစောင့်တည်ခြင်းများရှိကြောင်း သိရသည်။
မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ တေးဂီတများဖြင့်ဖျော်ဖြေလျက်ရှိပြီး ရေပတ်ဆော့ ကစားသူများရှိကြောင်းသိရသည်။
တွံတေးသား