နမ့်စန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

နမ့်စန်(တ) ဧပြီ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို သင်္ကြန်အကြိုနေ့ ယနေ့ညနေ၃နာရီခွဲချိန်၌ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမရှေ့၊ မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက မဟာသင်္ကြန်နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ အရှေ့ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ အမှတ်(၇၃)သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ သံချပ်ကာစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ညီညီဝင်းနှင့် ဟိုမိန်းဌာနေပြည်သူ့စစ်အဖွဲ့ဥက္ကဌ ဦးမဟာဂျာတို့က မဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ယိမ်းလှပျိုဖြူများအား သပြေခက်ဖြင့် အတာရေများ ပက်ဖြန်း ခဲ့ကြသည်။

ထို့နောက် ရပ်ကွက်နှင့်ကျေးရွာများမှ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအက အလှ များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)