ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဟာသင်္ကြန်အကြတ်နေ့ ပျော်ရွှင်စွာ ရေကစားကြသူများဖြင့်စည်ကား

ဆိပ်ကြီးခနောင်တို ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းမှ စ၍မြို့နယ်အတွင်း ပျော်ရွှင်စွာ ရေပက်ကစားကြသူများဖြင့် အေးချမ်းစည်ကားလျက်ရှိသည်။

ဆိပ်ကြီးခနောင်တို မြို့နယ်၌ မြို့နယ်ကိုယ်စားပြု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ရေပက်ကစားသူများ၊ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမှု၊ DJ music  တေးဂီတအစီအစဉ်များဖြင့် သင်္ကြန်ရက်အတွင်း နေ့စဉ်ဖျော်ဖြေပေးသွားမည့်အပြင် စတုဒီသာမုန့်များဖြင့်လည်းလှူဒါန်း ကျွေးမွေးဧည့်ခံပေးသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိလူမျိုးမရွေး၊  ဘာသာမရွေးမြို့နယ်နေပြည်သူ မည်သူမဆို လွတ် လပ်ပျော်ရွှင်စွာ လာရောက်သုံးဆောင်နိုင်ကြောင်းနှင့် ရပ်ကွက်အလိုက်လည်း အာဟာရဒါန စတုဒီသာများ လှူဒါန်း ကျွေးမွေးလျက်ရှိသည်။

မြို့နယ်နေပြည်သူများ အေးချမ်းလုံခြုံစွာ ရေပက်ကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံ (IPRD)